back

ရန်ကုန်မြို့တော်စည်ပင်၏ ၂၀၂၆-၂၀၂၇ ကြော်ငြာဆိုင်းဘုတ်လုပ်ကိုင်ခွင့်အတွက် လျှောက်ထားသူ ၂ သောင်းခန့်ရှိပြီး မဲနှိုက်ရွေးချယ်မှုပြုလုပ်

Mar 06 • 4:20 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့တော်စည်ပင်၏ ၂၀၂၆-၂၀၂၇ ကြော်ငြာဆိုင်းဘုတ်လုပ်ကိုင်ခွင့်အတွက် လျှောက်ထားသူ ၂ သောင်းခန့်ရှိပြီး မဲနှိုက်ရွေးချယ်မှုပြုလုပ်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ၄၅ ပေ x ၁၅ ပေ အရွယ်အစားရှိ ကြော်ငြာဆိုင်းဘုတ် လုပ်ကိုင်ခွင့်လျှောက်ထားမှုမှာ ၂ သောင်းခန့်အထိ ရှိခဲ့ပ...

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ၄၅ ပေ x ၁၅ ပေ အရွယ်အစားရှိ ကြော်ငြာဆိုင်းဘုတ် လုပ်ကိုင်ခွင့်လျှောက်ထားမှုမှာ ၂ သောင်းခန့်အထိ ရှိခဲ့ပြီး မဲနှိုက်ရွေးချယ်မှုဖြင့် အငှားရရှိသူများကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ ကိုဗစ်ကာလအတွင်း ကြော်ငြာလုပ်ငန်းများ ကျဆင်းခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် ရန်ကုန်မြို့တွင်းရှိ အဝိုင်းပတ်များနှင့် အချက်အချာကျသော နေရာများ၌ ကြော်ငြာဆိုင်းဘုတ်များ ပြန်လည်များပြားလာပြီး လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုမှာလည်း မြင့်တက်လာလျက်ရှိသည်။ မဲပေါက်သူများစာရင်းကို ကြော်ငြာဘုတ်များတွင် ကပ်၍ အသိပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။

news-view-count-icon

18