ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၇၅ အနီးတွင် မတ်လ ၅ ရက် ညနေပိုင်းက နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော Higer ဘုရားဖူးမှန်လုံယာဉ်နှင့် လမ်းဖြတ်ကူးသည့် ဆိုင်ကယ်တစ်စီး တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၃ ဦးစလုံး နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်မှာ အမြန်လမ်းပေါ်သို့ ဆိုင်ကယ်က ရုတ်တရက် ဖြတ်ကူးစဉ် တိုက်မိခဲ့ခြင်းဖြစ်ပြီး၊ အမြန်လမ်းမကြီး ဥပဒေအရ ဆိုင်ကယ်၊ စက်ဘီးနှင့် သုံးဘီးယာဉ်များ အသုံးပြုခွင့်မရှိကြောင်းနှင့် ထိုသို့ တားမြစ်ထားသည့်ယာဉ်များကြောင့် မတော်တဆမှုဖြစ်ပွားပါက အဆိုပါယာဉ်မောင်းသူကိုသာ အရေးယူမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အသိပေးထားသည်။
Mar 06 • 4:18 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


