လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၏ ဆိုလာ PV စံချိန်စံညွှန်းသတ်မှတ်ရေးနှင့် စမ်းသပ်ရေးစင်တာ တည်ထောင်မည့်စီမံကိန်း စတင်ခြင်းအခမ်းအနားကို မတ်လ ၄ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။ တရုတ်သံရုံး သံမှူးကြီး ဒေါက်တာ Zheng Zhihong နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျတို့ တက်ရောက်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် တရုတ်နိုင်ငံ၏ နည်းပညာအကူအညီဖြင့် မြန်မာ့ဆိုလာကဏ္ဍ အရည်အသွေးမြင့်မားရေးနှင့် စွမ်းအင်လွတ်လပ်မှု ရရှိရေးအတွက် ဆွေးနွေးခဲ့ကြသည်။ ဤစီမံကိန်းသည် ပြည်တွင်းရှိ ဆိုလာထုတ်ကုန်များ၏ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရန်နှင့် ရေရှည်တည်တံ့သော စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် ရည်ရွယ်ပြီး လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ပံ့ပိုးကူညီထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဆိုလာလုပ်ငန်း နည်းပညာစံချိန်စံညွှန်းနှင့် စမ်းသပ်ရေးစင်တာ စီမံကိန်းကို လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် နေပြည်တော်၌ စတင်
Mar 06 • 4:17 AM
Myanmar
Naypyidaw
Share
| 11 | 0 | 0 | 0 |


