မြန်မာနိုင်ငံတွင် စက်သုံးဆီ ရက် (၄၀) ခန့်စာ တင်သွင်းသိုလှောင်ထားပြီးဖြစ်ကာ သင်္ဘောများလည်း အဆက်မပြတ် ဝင်ရောက်နေသဖြင့် ဆီပြတ်လပ်မှု လုံးဝမရှိနိုင်ကြောင်းနှင့် စိုးရိမ်စိတ်ဖြင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်းမပြုရန် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက မတ်လ ၂ ရက်တွင် အသိပေးနှိုးဆော်ခဲ့သည်။ လက်ရှိတွင် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဆီဆိုင်များ၌ ဆီအမှန်တကယ်ရောက်ရှိမှု၊ လက်ကျန်အခြေအနေနှင့် ရောင်းချမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။ သီလဝါဆိပ်ကမ်းမှတစ်ဆင့် နိုင်ငံတစ်ဝန်းသို့ ပုံမှန်ဖြန့်ဖြူးပေးနေသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လိုအပ်သလောက်သာ ဝယ်ယူရန်နှင့် စနစ်တကျ ခြိုးခြံသုံးစွဲခြင်းဖြင့် ကူညီပေးကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
| 22 | 0 | 0 | 0 |


