back

ကူဝိတ်အစိုးရက ထုတ်ပြန်ထားသည့် အချက်များကို တိကျစွာ လိုက်နာရန် မြန်မာသံရုံး အသိပေး

Mar 06 • 4:06 AM

breaking-news

Myanmar

Local

cover

ကူဝိတ်အစိုးရက ထုတ်ပြန်ထားသည့် အချက်များကို တိကျစွာ လိုက်နာရန် မြန်မာသံရုံး အသိပေး

ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံးက ပြည်တွင်းဥပဒေအရ အရေးယူခံရမှုများမှ ကင်းဝေးစေရန်အတွက် ကူဝိတ်အစိုးရမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရန် အသိပေ...

ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံးက ပြည်တွင်းဥပဒေအရ အရေးယူခံရမှုများမှ ကင်းဝေးစေရန်အတွက် ကူဝိတ်အစိုးရမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရန် အသိပေး ထုတ်ပြန်လိုက်သည်။ အထူးသဖြင့် စစ်တပ်နှင့် လုံခြုံရေးဆိုင်ရာ အဆောက်အအုံများ၊ ကန့်သတ်နယ်မြေများ အနီးသို့ သွားလာခြင်းမပြုရန်နှင့် ဒုံးကျည်ပစ်ခတ်မှုများ၊ ကောင်းကင်ယံတွင် ကြားဖြတ်ဟန့်တားမှု မြင်ကွင်းများကို ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုရိုက်ကူး၍ လူမှုကွန်ရက်များပေါ်သို့ တင်ခြင်း၊ ဖြန့်ဝေခြင်းများ လုံးဝမပြုလုပ်ရန် သတိပေးထားသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို ရိုက်ကူးခြင်းနှင့် ကောလာဟလဖြန့်ဝေခြင်းများကို ရှောင်ကြဉ်ပြီး တရားဝင်သတင်းရင်းမြစ်များကိုသာ ဖတ်ရှုရန်နှင့် အရေးပေါ်အခြေအနေများရှိပါက Hotline 112 သို့ ဆက်သွယ်ရန် မြန်မာသံရုံးက တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

22