လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဆေးဝါးကုသမှုခံယူနေရသည့် ကျောင်းသား၊ ကျောင်းသူများ ပညာရေးနစ်နာမှုမရှိစေရန်အတွက် ဆေးရုံဖြေစာစစ်ဌာနများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီးများအပြင် အခြားသော တိုင်းနှင့် ပြည်နယ်များရှိ ဆေးရုံများတွင်လည်း စာမေးပွဲဖြေဆိုလိုသည့် ကျောင်းသားလူနာများရှိပါက သက်ဆိုင်ရာ ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့ ညှိနှိုင်းမှုဖြင့် စာစစ်ဌာနများ ဖွင့်လှစ်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ယခုစီစဉ်မှုသည် ကျန်းမာရေးအခြေအနေကြောင့် စာမေးပွဲဝင်ရောက်ဖြေဆိုရန် အခက်အခဲရှိနေသူများအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး အထူးကုဆေးရုံကြီးများနှင့် ခုတင် (၁၀၀၀) ဆေးရုံကြီးများတွင်လည်း အဆင်သင့်ပြင်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။
Mar 06 • 4:09 AM
Myanmar
Local
Share
| 43 | 0 | 0 | 0 |


