back

မန္တလေးငလျင်ကြောင့် ထိခိုက်ခဲ့သည့် ပြည်မြို့ရှိ ဘောဘောကြီးစေတီတော်ကြီးကို ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံနေ

Mar 06 • 4:03 AM

breaking-news

Myanmar

Bago

cover

မန္တလေးငလျင်ကြောင့် ထိခိုက်ခဲ့သည့် ပြည်မြို့ရှိ ဘောဘောကြီးစေတီတော်ကြီးကို ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံနေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ သရေခေတ္တရာ ပျူမြို့ဟောင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘောဘောကြီးစေတီတော်ကြီးမှာ မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သဖြင့်...

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ သရေခေတ္တရာ ပျူမြို့ဟောင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘောဘောကြီးစေတီတော်ကြီးမှာ မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သဖြင့် လက်ရှိတွင် ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အဆိုပါ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စေတီတော်ကြီးမှာ တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်ဖြစ်၍ ဆွေးမြေ့အုတ်များကို ပုံစံတူအုတ်သစ်များဖြင့် လဲလှယ်ရန်၊ အက်ကွဲကြောင်းများကို Lime Grouting စနစ်ဖြင့် ပြုပြင်ရန်နှင့် ညောင်ပင်များကို ဓာတုဗေဒဆေးဖြင့် စနစ်တကျဖယ်ရှားရန် လမ်းညွှန်မှာကြားခဲ့သည်။ အေဒီ ၆-၇ ရာစုတွင် ဒွတ္တပေါင်မင်းကြီး တည်ထားခဲ့သော ဤစေတီတော်ကြီးသည် ထုလုံးရှည် (ဆလင်ဒါ) ပုံသဏ္ဌာန်ဖြင့် ထူးခြားသည့် ရှေးဟောင်းလက်ရာတစ်ခု ဖြစ်ကြောင်း သိရသည်။

news-view-count-icon

13