ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ "ခေါင်းစဉ်ဖြင့် အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကို မတ်လ ၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ပြည်သူများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးအနေဖြင့် "မီးခိုးမြူငွေ့ ညစ်ညမ်းမှုအန္တရာယ်အကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာပေးစကားဝိုင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။



