back

ဗဟန်းမြို့နယ်တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Mar 06 • 2:45 AM

breaking-news

Myanmar

Yangon

cover

ဗဟန်းမြို့နယ်တွင် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်(၁)လမ်းတွင် လမ်းလျှောက်လာသူ သူရ အားမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပ...

ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်(၁)လမ်းတွင် လမ်းလျှောက်လာသူ သူရ အားမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၄၈ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၁၄.၁ သိန်း)၊ အက်တက်စီဆေးပြား ၁၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၂၂၃၀ အချိန် ဝင်းကျော်သူ(ခ)ကျော်သူရ အား အဆိုပါရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် ၁.၅၁ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၄၅၃ သိန်း)၊ အက်တက်စီဆေးပြား ၃၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၂ သိန်း)၊ ကက်တမင်း အလေးချိန် ၄၉ ဂရမ် (ဒေသကာလတန်ဖိုးငွေကျပ် ၂၄.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ သဖြင့် သူရ(၂၇)နှစ် နှင့် ဝင်းကျော်သူ(ခ)ကျော်သူရ(၃၆)နှစ်တို့အား ဗဟန်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

news-view-count-icon

16