back

ထိုင်းမှာ HIV ကူးစက်ခံရတဲ့ ကျောင်းသား ၁၃,၀၀၀ ကျော်ရှိလာ

Mar 06 • 2:44 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ HIV ကူးစက်ခံရတဲ့ ကျောင်းသား ၁၃,၀၀၀ ကျော်ရှိလာ

National Economic and Social Development Council (NESDC) ရဲ့ အဆိုအရ ထိုင်းက လူငယ်ကျောင်းသားတွေကြားမှာ HIV ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး ၂၀၂၅ တစ်နှစ်ထဲတင် 13...

National Economic and Social Development Council (NESDC) ရဲ့ အဆိုအရ ထိုင်းက လူငယ်ကျောင်းသားတွေကြားမှာ HIV ကူးစက်မှု သိသိသာသာ မြင့်တက်လာပြီး ၂၀၂၅ တစ်နှစ်ထဲတင် 13,000 ကျော်ရှိတယ်လို့ဆိုပါတယ်။ ဒါက ပြီးခဲ့တဲ့ နှစ်ထက် 1.5 ဆ များတဲ့ ပမာဏဖြစ်ပြီး ကူးစက်တဲ့ အသက်အရွယ်အုပ်စု ၃ ပုံ ၁ ပုံက 15-24 အရွယ်လေးတွေပါ။လူငယ်ကိုယ်ဝန်ဆောင် အရေအတွက်ကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လျော့ကျသွားပေမယ့် လုံခြုံမရှိတဲ့ ဆက်ဆံခြင်းကတော့ ပြဿနာတစ်ရပ်ဖြစ်နေဆဲပါ။ လူငယ်တွေဟာ အသက် ၁၂ နှစ်အရွယ်ကတည်းက လိင်ဆက်ဆံကြပြီး တချို့တွေက Dating Application တွေသုံး လက်တွဲဖော်ရှာ ဘာအတွေ့အကြုံမှမရှိဘဲ လက်တွေ့စမ်းကြပါသတဲ့။ ကွန်ဒုံးလည်း သုံးရကောင်းမှန်းမသိဘူးဆိုပါတယ်။ NESDC ရဲ့ အဆိုအရ ဒီအရွယ်မှာ လိင်ပညာပေး အားနည်းတာနဲ့ ယဥ်ကျေးမှု အတားအဆီးတွေကြောင့် အခုလို ရောဂါတွေ ကူးစက်နေတာဖြစ်ပြီး ကျောင်းတွေရဲ့ သင်ရိုးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်တာတွေ ဖြည့်ဆည်း သင်ကြားပေးဖို့ နှိုးဆော်ထားပါတယ်။

news-view-count-icon

13