menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ဘန်ကောက်တွင် အွန်လိုင်းလောင်းကစားလုပ်မှုဖြင့် ဗီယက်နမ် ၁ဝဝ နီးပါးဖမ်းခံရ

Mar 06 • 2:42 AM

breaking-news

Thailand

Local News

Share

share-news
cover

ဘန်ကောက်တွင် အွန်လိုင်းလောင်းကစားလုပ်မှုဖြင့် ဗီယက်နမ် ၁ဝဝ နီးပါးဖမ်းခံရ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ဟွေခွမ်နယ်မြေ ၊ ရာမ ၉ နယ်မြေရှိ ဇိမ်ခံကွန်ဒိုတစ်ခု၌ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဗီယက်နမ်နိုင်ငံသာ...

cover-photo

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ဟွေခွမ်နယ်မြေ ၊ ရာမ ၉ နယ်မြေရှိ ဇိမ်ခံကွန်ဒိုတစ်ခု၌ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဗီယက်နမ်နိုင်ငံသား ၉၄ ဦးကို မတ်လ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းကွန်ဒိုတွင် နေထိုင်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ပထမထပ်ရှိ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်လုပ်ငန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ငန်းတွင် နိုင်ငံခြားသားများသည် အနည်းဆုံး နာရီ ၂၀ ကြာ အဆိုင်းလိုက် အဝင်အထွက် ပြုလုပ်နေကြသည်ကို တွေ့ရပြီး သန့်ရှင်းရေးဝန်ထမ်းများကိုလည်း ရှေ့ဧည့်ခန်း (Lobby) အထိသာ ဝင်ခွင့်ပြုထားကြောင်း ဖော်ပြသည်။ ရှာဖွေမှုအတွင်း ဗီယက်နမ်နိုင်ငံသားများအား ကွန်ပျူတာနှင့် လက်ပ်တော့ အလုံး ၅၀ ကျော်၊ အသုံးပြုဆဲနှင့် အသုံးမပြုသေးသော မိုဘိုင်းဖုန်း ၃၀၀ ကျော်တို့နှင့်ဖမ်းမိခဲ့ သည်။ ကွန်ပျူတာများအတွင်း ဗီယက်နမ် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များ လည်ပတ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ၊ဗီယက်နမ်ဒေါင်ငွေကြေးဖြင့် အမြောက်အမြား ငွေလွှဲပြောင်းမှုများကို တွေ့ရကြောင်းရဲတပ်ဖွဲ့ကပြောကြားသည်။ဖမ်းဆီးခံရသူ ၁ ဦးက စကားပြန်မှတစ်ဆင့် ပြောကြားရာတွင် ၎င်းတို့မှာ တရားဝင်အလုပ်ဟု ထင်မှတ်ခဲ့ကြောင်း၊ လစာ ထိုင်းဘတ် ၃၀,၀၀၀ ဖြင့် Customer Service အလုပ်လုပ်ရန် ဖိတ်ခေါ်ခံခဲ့ရကြောင်း ၊လောင်းကစားဝက်ဘ်ဆိုက်တွင် အလုပ်လုပ်ရန် အဓမ္မခိုင်းစေခံရခြင်းဖြစ်ကြောင်းပြောကြားသည်။

news-view-count-icon

16

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့က ရှေးဟောင်း လက်ဆည်ကန်နဲ့ အနူမကန်ကို ULA ထိန်းသိမ်းရေးဆောင်ရွက်နေ

ထိုင်းမှာ HIV ကူးစက်ခံရတဲ့ ကျောင်းသား ၁၃,၀၀၀ ကျော်ရှိလာ

cover-photo
right-arrow-icon