ရခိုင်ပြည် ရှေးဟောင်းသမိုင်းဝင်မြို့တော်တခုဖြစ်တဲ့ မြောက်ဦးမြို့က လက်ဆည်ကန်နဲ့ အနူမကန်ကို ရှေ့ဟောင်းသုတေသနဌာနက ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။လက်ဆည်ကန်နဲ့ အနူမကန်ကို လက်ရှိမှာ ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ ဟုတ်မှန်တယ်လို့ မြောက်ဦးမြို့ခံတစ်ယောက်က ပြောပါတယ်။"ဒီရှေဟောင်းအမွေအနှစ် သမိုင်းဝင်ရေကန်တွေဖြစ်တဲ့အတွက် ကျနော်တို့မှာ ထိန်းသိမ်းပေးဖို့လိုအပ်တယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး လုပ်နေတာတော့ ကောင်းတယ်"လို့ ပြောပါတယ်။အဲလို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေသလို ဒီကန်တွေနဲ့ပတ်သက်ပြီး စည်းကမ်းချက်တချို့ကိုလည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။
Mar 06 • 2:41 AM
Myanmar
Rakhine
Share
| 17 | 0 | 0 | 0 |


