back

ထိုင်း၊မဟာချိုင်တွင် မြန်မာအလုပ်သမား ခြောက်ဦး၏လစာ ဘတ်တစ်သိန်းကျော် ပြန်ရ

Mar 06 • 2:24 AM

breaking-news

Thailand

Local News

cover

ထိုင်း၊မဟာချိုင်တွင် မြန်မာအလုပ်သမား ခြောက်ဦး၏လစာ ဘတ်တစ်သိန်းကျော် ပြန်ရ

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မဟာချိုင်မြို့နယ်ရှိ အွန်လိုင်းပစ္စည်းထုပ်ပိုးသည့် စက်ရုံတစ်ရုံက မြန်မာအလုပ်သမားခြောက်ဦးအား ဘတ်တစ်သိန်းကျော် (၁၁၅,၃၁၈)ကို သက်တမ်း ...

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်မဟာချိုင်မြို့နယ်ရှိ အွန်လိုင်းပစ္စည်းထုပ်ပိုးသည့် စက်ရုံတစ်ရုံက မြန်မာအလုပ်သမားခြောက်ဦးအား ဘတ်တစ်သိန်းကျော် (၁၁၅,၃၁၈)ကို သက်တမ်း တိုးရန် ဟုဆိုကာ ဖြတ်တောက်ခဲ့ပြီး ပြန်ရရန် ကူညီပေးခဲ့ကြောင်း အလုပ်သမား အခွင့်အရေး ဖောင်ဒေးရှင်း (LRF) က ထုတ်ပြန်သည်။အလုပ်သမား တစ်ဦးလျှင်စုစုပေါင်း ၂၈,၉၀၀ ဘတ် ဖြတ်တောက်မည်ဟု စက်ရုံဘက်က အသိပေးခဲ့ပြီးအလုပ်သမားများ တစ်ဦးလျှင်၁၆,၀၀၀ ဘတ်ဖြတ်တောက်ခဲ့ကြောင်း၊ ကျန်ရှိ နေသည့် ၁၂,၀၀၀ဘတ်ကို တစ်ခါတည်းပေးရန် တောင်းခံခဲ့သည့်အတွက် အလုပ်သမားများ က ဖေဖော်ဝါရီ ၂ ရက်တွင် အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်း LRF မှ သိရသည်။အလုပ်ရှင်ဘက်မှ စာရွက်စာတမ်းကြေးအဖြစ် ဖြတ်တောက်ထားသည့်ငွေ ၉၉,၉၄၉ ဘတ်၊ လုပ်အားခလက်ကျန်ငွေ ၁၅,၃၆၉ ဘတ်နှင့် စုစုပေါင်း ၁၁၅,၃၁၈ ဘတ်ကို မတ် ၃ ရက်တွင် ပြန်လည်ပေးအပ်ခဲ့ ကြောင်း LRF အဖွဲ့မှ သိရသည်။


news-view-count-icon

15