back

ONE -146 ပွဲစဉ်တွင် ထွန်းထွန်းမင်း၏ ညီနှစ်ယောက် ပါဝင်ထိုးသတ်မည်

Mar 06 • 2:19 AM

breaking-news

Myanmar

Local

cover

ONE -146 ပွဲစဉ်တွင် ထွန်းထွန်းမင်း၏ ညီနှစ်ယောက် ပါဝင်ထိုးသတ်မည်

လာမည့် မတ်လ ၁၃ ရက် ညပိုင်းတွင် ကျင်းပမည့် ONE Friday Fights (ONE - 146) ပွဲစဉ်တွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း၏ ညီများဖြစ်ကြသည့် ထွန်းမင်းနိုင်နှင့...

လာမည့် မတ်လ ၁၃ ရက် ညပိုင်းတွင် ကျင်းပမည့် ONE Friday Fights (ONE - 146) ပွဲစဉ်တွင် မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း၏ ညီများဖြစ်ကြသည့် ထွန်းမင်းနိုင်နှင့် ထွန်းမင်းအောင်တို့ ညီအစ်ကိုနှစ်ဦးစလုံး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ONE ပွဲစဉ်များနှင့် အတန်ကြာ ဝေးကွာနေခဲ့သည့် ၎င်းတို့နှစ်ဦးသည် ယခုပွဲစဉ်တွင် တစ်ရက်တည်း၊ တစ်ချိန်တည်း၌ ပြန်လည်ပါဝင်လာခြင်းဖြစ်ပြီး၊ အစ်ကိုဖြစ်သူ ထွန်းထွန်းမင်းကလည်း ညီနှစ်ယောက်လုံး၏ပွဲကို တစ်ရက်တည်း မြင်တွေ့ရတော့မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အတည်ပြု အသိပေးထားသည်။ ဤပွဲစဉ်သည် မြန်မာ့လက်ဝှေ့ဝါသနာရှင်များအတွက် စိတ်လှုပ်ရှားဖွယ်ရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ကြောင်း သိရသည်။

news-view-count-icon

19