မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်းအဖွဲ့ချုပ် (ဗဟို) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘုန်းတော်ကြီးများအဖွဲ့ချုပ် (ဗဟို) တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ဟိန္ဒူဘာသာရေးသင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၅ ရက်တွင် ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားကို မင်္ဂလာဆီမီးထွန်းညှိ၍ ဖွင့်လှစ်ကာ သင်တန်းသားများက ဘုရားပူဇော်ကန်တော့ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံမှ ကြွရောက်လာသော သင်တန်းဆရာကြီး၊ ဟိန္ဒူဘုန်းတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အထူးဧည့်သည်တော်ကြီးများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
| 21 | 0 | 0 | 0 |


