PTTEP Myanmar ကုမ္ပဏီသည် ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူမှု အခွင့်အလမ်းကို ပံ့ပိုးရန်အတွက် ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများကို မတ်လ ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ၌ ပေးအပ်လှူဒါန်းခဲ့သည်။ ဤလှူဒါန်းမှုသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်ခဲ့သည့် ကျောင်းနေအရွယ်လွန် ကလေးများအတွက် ပညာရေးဝန်ကြီးဌာနက ဖော်ဆောင်နေသည့် ဒုတိယအကြိမ် သင်ယူမှုအခွင့်အလမ်း (တန်းညှိပညာရေးအစီအစဉ်) တွင် အသုံးပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယခုကဲ့သို့ လှူဒါန်းခြင်းဖြင့် ကျောင်းပြင်ပရောက် ကလေးများ၏ မူလတန်းပညာရေး သင်ကြားမှုကဏ္ဍတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
Mar 06 • 2:18 AM
Myanmar
Local
Share
| 20 | 0 | 0 | 0 |


