ပြည်တွင်းမတ်ပဲဈေးနှုန်းမှာ တစ်တန်လျှင် ကျပ်သိန်း ၃၀ အထက်သို့ ပြန်လည်မြင့်တက်ခဲ့သော်လည်း လက်ရှိတွင် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းက မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၃,၀၉၃,၀၀၀ အထိ မြင့်တက်ခဲ့ပြီးနောက် တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ရာ မတ်လ ၃ ရက်နေ့တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၃,၀၁၄,၀၀၀ အထိ ရောက်ရှိလာကြောင်း သိရသည်။လက်ရှိတွင် ပဲသစ်များ ပေါ်နေခြင်းနှင့် အိန္ဒိယနိုင်ငံ၌လည်း ဆောင်းမတ်ပဲသစ်များ စတင်ဝင်ရောက်လာတော့မည်ဖြစ်ခြင်းကြောင့် အိန္ဒိယကုန်သည်များက ချိန်ဆဝယ်ယူနေသဖြင့် မတ်ပဲဈေးကွက် ပြန်အေးသွားခြင်းဖြစ်သည်ဟု ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
| 23 | 0 | 0 | 0 |


