back

ကရင်ပြည်နယ်ဘားအံမှာလည်း စက်သုံးဆီရရှိရေး အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရ

Mar 06 • 1:57 AM

breaking-news

Myanmar

Kayin

breaking-news
cover

ကရင်ပြည်နယ်ဘားအံမှာလည်း စက်သုံးဆီရရှိရေး အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရ

ကရင်ပြည်နယ် ဘားအံမြို့မှာလည်း စက်သုံးဆီဝယ်ယူရရှိရေးအတွက် အခက်အခဲကြုံနေရပြီး ဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချတဲ့အတွက်ကြောင့် ကား ဆိုင်ကယ်အများအပြားဟာ အချိန်အတော...

ကရင်ပြည်နယ် ဘားအံမြို့မှာလည်း စက်သုံးဆီဝယ်ယူရရှိရေးအတွက် အခက်အခဲကြုံနေရပြီး ဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချတဲ့အတွက်ကြောင့် ကား ဆိုင်ကယ်အများအပြားဟာ အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။အရှေ့အလယ်ပိုင်းပဋိပက္ခအရေးကြောင့် မြန်မာနိုင်ငံမှာလည်း စက်သုံးဆီဝယ်ယူရရှိရေး အခက်အခဲကြုံနေရပြီး စစ်ကော်မရှင်က ရက် ၄၀ စာ အရန်စက်သုံးဆီကျန်ရှိနေတယ်လို့ ပြောဆိုထားပေမယ့် နိုင်ငံတစ်ဝန်းမှာ မတ်လ ၄ ရက်နေ့အထိ စက်သုံးဆီဝယ်ယူရရှိရေး အခက်အခဲတွေ ဆက်ကြုံနေရတာဖြစ်ပါတယ်။ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာလည်း မတ်လ ၃ ရက်နေ့ကစပြီး စက်သုံးဆီဆိုင်တွေက ဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းချတော့တာကြောင့် ဒေသခံပြည်သူတွေဟာ ဆီရရှိရေးအတွက် မနက်အစောပိုင်းကစပြီး ဆိုင်တွေရှေ့မှာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တရားဝင်ရောင်းချတဲ့ စက်သုံးဆီဆိုင်ကြီးတွေမှာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနေပေမယ့် လာရောက်စောင့်ဆိုင်းတန်းစီဝယ်ယူနေကြတဲ့ ကား ဆိုင်ကယ်တွေများပြားခဲ့တဲ့အတွက် ဆိုင်ကယ်တစ်စီးကို ကျပ် ၅,၀၀၀ ဖိုး၊ သုံးဘီးတစ်စီးကို ကျပ် ၁၀,၀၀၀ ဖိုး၊ ကားတစ်စီးကို ကျပ် ၃၀,၀၀၀ ဖိုးသာ ရောင်းချပေးနေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ အပြင်ဆိုင်တွေ လမ်းဘေးဆိုင်တွေမှာရောင်းချတဲ့ စက်သုံးဆီဈေးနှုန်းဟာ ၁ လီတာကို ကျပ် ၇,၀၀၀ နှုန်းအထိ ဈေးပေါက်နေပြီး အကန့်အသတ်နဲ့မဟုတ်ဘဲ စက်သုံးဆီဆိုင်ကြီးတွေထက် အများအပြားပိုဝယ်လို့ရနေတယ်လို့လည်း ဒေသခံက ပြောကြပါတယ်။ဘားအံမြို့မှာ Denko ၊ ချောစု၊ ဘားမဲတောင်၊ရတနာမြေ စတဲ့ စက်သုံးဆီဆိုင်ကြီးတွေရှိကြပြီး တချို့စက်သုံးဆီဆိုင်ကြီးတွေကတော့ စက်သုံးဆီမရှိလို့ဆိုပြီး ဆိုင်ဖွင့်ရောင်းချတာ မတွေ့ရဘူးလို့ ဒေသခံတွေကဆိုထားပါတယ်။စက်သုံးဆီဆိုင်ကြီးတွေမှာ လာရောက်စောင့်ဆိုင်းတန်းစီဝယ်ယူနေကြတဲ့သူတွေထဲမှာ အပြင်မှောင်ခိုဈေးနှုန်းနဲ့ ပြန်လည်ရောင်းချလိုသူတွေလည်း အများအပြားပါဝင်နေပြီး သူတို့တွေဟာ ကားဆိုင်ကယ်တွေကနေ စက်သုံးဆီကို ပြန်လည်ဖောက်ထုတ်ကာ ဈေးနှုန်းအများအပြားနဲ့ ပြန်လည်ရောင်းချနေကြတယ်လို့ ပြောဆိုတာတွေလည်း ရှိနေတာပါ။



news-view-count-icon

17