back

ကမ္ဘာတဝှမ်းရှိ အစ္စရေးသံရုံးတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန် ခြိမ်းခြောက်

Mar 06 • 2:06 AM

breaking-news

Myanmar

International

cover

ကမ္ဘာတဝှမ်းရှိ အစ္စရေးသံရုံးတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်လို့ အီရန် ခြိမ်းခြောက်

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ အီရန်သံရုံးကို အစ္စရေးက တိုက်ခိုက်ခဲ့မယ်ဆိုရင် ကမ္ဘာတဝှမ်းလုံးရှိ အစ္စရေး သံရုံးတွေဟာ တရားဝင် ပစ်မှတ် ဖြစ်လာမှာ ဖြစ်တယ်လို့ အီရန်...

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ အီရန်သံရုံးကို အစ္စရေးက တိုက်ခိုက်ခဲ့မယ်ဆိုရင် ကမ္ဘာတဝှမ်းလုံးရှိ အစ္စရေး သံရုံးတွေဟာ တရားဝင် ပစ်မှတ် ဖြစ်လာမှာ ဖြစ်တယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အဘိုဖော့ဇ် ချီခါချီက သတိပေးလိုက်ပါတယ်အခုလို သူ့ရဲ့ သတိပေးမှုကို အီရန် အစိုးရ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ Tasnim News သတင်း ဌာနက မတ် ၄ ရက်နေ့မှာ ဖော်ပြလာတာပါ။လက်ဘနွန်ရှိ အီရန်သံရုံးကို တိုက်ခိုက်မယ်လို့ အစ္စရေးက ခြိမ်းခြောက်ထားပြီး တိုက်ခိုက်လာမယ်ဆိုရင် ကမ္ဘာတဝှမ်းရှိ အစ္စရေး သံရုံးတွေ ပစ်မှတ်ထားခံရမှာ ဖြစ်ကြောင်း ပြောခွင့်ရသူ ချီခါချီက ပြောပါတယ်။အီရန်အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားမှု ရှိပေမယ့် အစ္စရေးရဲ့ စစ်ရေးအရ လှုပ်ရှားမှုတွေမှာ အကန့်အသတ် မရှိဖြစ်နေတယ်လို့လည်း အီရန် ဗိုလ်မှူးချုပ်က တုံ့ပြန်ပါတယ်။အမေရိကန်နဲ့ အစ္စရေးက လွဲပြီး အီရန်ဟာ ကမ္ဘာပေါ်က ဘယ်နိုင်ငံနဲ့မှ ပဋိပက္ခနဲ့ ရန်လိုမှုတွေ မရှိဘူးလို့လည်း သူက ပြောပါတယ်။

အီရန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေကြတာကြောင့် ဗြိတိန်က အရှေ့အလယ်ပိုင်းရှိ သူတို့ နိုင်ငံသားတွေကို ပြန်ကယ်ထုတ်မယ့် ပထမဆုံး လေကြောင်း ခရီးစဉ် ကြန့်ကြာနေရပါတယ်။

မိမိတို့ သင်္ဘော တစ်စီးကို အမေရိကန်က နှစ်မြှုပ်ပစ်လိုက်တဲ့အတွက် ခါးခါးသီးသီး နောင်တ ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက်ထားပါတယ်။

အီရန်က ဒေသတွင်းရှိ အမေရိကန် မဟာမိတ်နိုင်ငံတွေရှိ အမေရိကန် တပ်စခန်းတွေ အပြင် တခြားနေရာတွေကို လက်တုံ့ပြန် တိုက်ခိုက်နေချိန် အစ္စရေးက တီဟီရန်ရှိ အီရန် လုံခြုံရေး ဌာနချုပ်တွေကို တိုက်ခိုက်နေပါတယ်။စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးဖို့ အီရန်က အမေရိကန် စီအိုင်အေကို ဆက်သွယ်လာပေမယ့် ထရန့်က ဆွေးနွေးဖို့ နောက်ကျလွန်းသွားပြီလို့ ပြောထားပါတယ်။စစ်ပွဲ ၆ ရက်မြောက်သို့ ဝင်ရောက်လာချိန် အစ္စရေးက လက်ဘနွန်နဲ့ အီရန်ကို ဆက်လက် တိုက်ခိုက်နေပြီး အီရန်ကလည်း အစ္စရေးကို ပြန်လည် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ဒီအတောအတွင်း ဗြိတိန်က HMS Dragon စစ်သင်္ဘောကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ရေး လက်နက်ခဲယမ်းတွေ တင်ဆောင်နေပြီ ဖြစ်ပါတယ်။

news-view-count-icon

22