back

တရုတ်နိုင်ငံက အဓိကနည်းပညာများတွင် အောင်မြင်မှုများရရှိ‌စေပြီး သိပ္ပံနှင့် နည်းပညာကဏ္ဍ၌ မိမိကိုယ်ကိုယ် အားကိုးနိုင်မှုရှိရန် ဆောင်ရွက်မည်

Mar 06 • 1:55 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက အဓိကနည်းပညာများတွင် အောင်မြင်မှုများရရှိ‌စေပြီး သိပ္ပံနှင့် နည်းပညာကဏ္ဍ၌ မိမိကိုယ်ကိုယ် အားကိုးနိုင်မှုရှိရန် ဆောင်ရွက်မည်

တရုတ်နိုင်ငံက အဓိကနယ်ပယ်များတွင် မူရင်းဆန်းသစ်တီထွင်မှု အဆင့်မြှင့်တင်ခြင်းများနှင့် အရေးပါသောနည်းပညာများ၌ အောင်မြင်မှုများ တိုးတက်စေရန်နှင့် သိပ္ပံနှင့်နည်းပညာ...

တရုတ်နိုင်ငံက အဓိကနယ်ပယ်များတွင် မူရင်းဆန်းသစ်တီထွင်မှု အဆင့်မြှင့်တင်ခြင်းများနှင့် အရေးပါသောနည်းပညာများ၌ အောင်မြင်မှုများ တိုးတက်စေရန်နှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍ၌ မိမိကိုယ်ကိုယ် ပိုမိုအားကိုးနိုင်မှုနှင့် စွမ်းပကား ရရှိရေး ပိုမိုမြန်ဆန်စွာ တိုးတက်ရန် ကတိပြုကြောင်း သုံးသပ်ဆွေးနွေးရန် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ထံ မတ် ၅ ရက်က တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ပေါင်းစပ်ဆားကစ်များ (IC) ၊ စက်ကိရိယာများ၊ အဆင့်မြင့်ကိရိယာများ၊ အခြေခံဆော့ဖ်ဝဲများ၊ အဆင့်မြင့်ပစ္စည်းများနှင့် ဇီဝကုန်ထုတ်လုပ်မှုတို့တွင် လုပ်ငန်းကွင်းဆက်တစ်လျှောက် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိမည့် ထူးခြားသောအစီအမံများ ချမှတ်မည်ဖြစ်ကြောင်း မတ် ၅ ရက်၌ပင် တင်သွင်းခဲ့သည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မူကြမ်းတွင် ဖော်ပြထားသည်။

news-view-count-icon

5