ရခိုင်က သွေးကင်ဆာမိန်းကလေးငယ်ဟာ ရန်ကုန်မှာ အရေးပေါ်သွားရောက်ဆေးကုသနေစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။သေဆုံးသွားတဲ့ သွေးကင်ဆာမိန်းကလေးငယ်ဟာ ရခိုင်ပြည်၊ ပေါက်တောမြို့၊ ရပ်ကွက်(၄)က ဦးထွန်းအေးနိုင်နဲ့ ဒေါ်မြင့်ဆန်းဝင်းတို့ရဲ့သမီး KG တန်းတက်နေတဲ့ အသက် (၇)နှစ်အရွယ် မနန္ဒာလင်းဖြစ်ပါတယ်။အဲဒီမိန်းကလေးငယ်ဟာ ရခိုင်ဟာ သွေးကင်ဆာရောဂါဖြစ်ပွားနေခဲ့တဲ့အတွက် မကြာသေးခင်က ရန်ကုန်သို့သွားရောက်ကုသစဉ် နောက်ထပ် တီဘီရောဂါဝေဒနာကိုပါ ထပ်မံခံစားခဲ့ရတယ်လို့ ဆေးစစ်ချက်အရ သိရပါတယ်။ရောဂါနှစ်ခုကို အရွယ်နဲ့မမျှအောင် တပြိုင်တည်းခံစားနေခဲ့ရတဲ့အတွက် ဆေးကုသမှုခံယူနေစဉ် မနေ့က မတ်လ (၄) ရက်၊ ည (၁၀)နာရီကျော်လောက်မှာ သေဆုံးသွားခဲ့တာလို့ ကူညီဆောင်ရွက်ပေးခဲ့သူတစ်ယောက်က ပြောပါတယ်။
| 11 | 0 | 0 | 0 |


