back

စင်ကာပူဘွဲ့ရလူငယ်များ အလုပ်အကိုင်ရရှိမှုနှုန်း ကျဆင်းလာသော်လည်း လစာနှုန်းထားမှာ ဆက်လက်တည်ငြိမ်နေ

Mar 06 • 1:47 AM

breaking-news

Singapore

Local News

cover

စင်ကာပူဘွဲ့ရလူငယ်များ အလုပ်အကိုင်ရရှိမှုနှုန်း ကျဆင်းလာသော်လည်း လစာနှုန်းထားမှာ ဆက်လက်တည်ငြိမ်နေ

စင်ကာပူနိုင်ငံရှိ အုပ်ချုပ်ရေးကိုယ်ပိုင်အုပ်ခွင့်ရ တက္ကသိုလ် (၆) ခုက ပူးပေါင်းကောက်ယူခဲ့တဲ့ စစ်တမ်းအရ ၂၀၂၅ ခုနှစ်မှာ ဘွဲ့ရခဲ့တဲ့ လူငယ်တွေဟာ အရင်နှစ်တွေကထက် အလုပ...

စင်ကာပူနိုင်ငံရှိ အုပ်ချုပ်ရေးကိုယ်ပိုင်အုပ်ခွင့်ရ တက္ကသိုလ် (၆) ခုက ပူးပေါင်းကောက်ယူခဲ့တဲ့ စစ်တမ်းအရ ၂၀၂၅ ခုနှစ်မှာ ဘွဲ့ရခဲ့တဲ့ လူငယ်တွေဟာ အရင်နှစ်တွေကထက် အလုပ်အကိုင်ရရှိဖို့ ပိုမိုရုန်းကန်နေရတယ်လို့ သိရပါတယ်၊၊ စာမေးပွဲဖြေဆိုပြီး ခြောက်လအတွင်း အလုပ်အကိုင်ရရှိသူ အရေအတွက်ဟာ ၈၃.၄ ရာခိုင်နှုန်းသာ ရှိတော့တာကြောင့် ၂၀၂၄ ခုနှစ်က ၈၇.၁ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ လျော့နည်းသွားတာကို တွေ့ရပါတယ်၊၊အလုပ်အကိုင်ရရှိမှုနှုန်း ကျဆင်းသွားပေမဲ့ ဘွဲ့ရသစ်တွေရဲ့ တစ်လပျမ်းမျှလစာ (Median Salary) ကတော့ စင်ကာပူဒေါ်လာ ၄,၅၀၀ (အမေရိကန်ဒေါ်လာ ၃,၅၀၀ ခန့်) မှာပဲ ဆက်လက်တည်ငြိမ်နေပါတယ်၊၊ အခုနှစ်စစ်တမ်းမှာ ထူးခြားချက်အနေနဲ့ အလုပ်ရရှိသူနဲ့ မရရှိသေးသူဆိုပြီး အမျိုးအစားခွဲခြားထားပြီး လုပ်ငန်းစတင်ဖို့ စောင့်ဆိုင်းနေသူတွေ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းထောင်ဖို့ ပြင်ဆင်နေသူတွေကိုပါ အလုပ်ရရှိသူစာရင်းထဲမှာ ထည့်သွင်းတွက်ချက်ထားတာကို တွေ့ရပါတယ်၊၊

news-view-count-icon

5