back

ရခိုင်ပြည်နယ်၊တောင်ကုတ်မှာ စက်သုံးဆီဆိုင် ၂ ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ် ၂ ဦး အနည်းငယ်ဒဏ်ရာရ

Mar 06 • 1:52 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊တောင်ကုတ်မှာ စက်သုံးဆီဆိုင် ၂ ဆိုင် မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ် ၂ ဦး အနည်းငယ်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့မှာ ယမန်နေ့ မတ် ၅ ရက်နေ့မှာ စက်သုံးဆီ ရောင်းဝယ်နေတဲ့ ဆိုင် ၂ ဆိုင် သီးခြားစီ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီမီးလော...

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့မှာ ယမန်နေ့ မတ် ၅ ရက်နေ့မှာ စက်သုံးဆီ ရောင်းဝယ်နေတဲ့ ဆိုင် ၂ ဆိုင် သီးခြားစီ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီမီးလောင်မှုအတွင်း စက်သုံးဆီဆိုင်တွေသာမက စားသောက်ဆိုင်တစ်ဆိုင်နဲ့ လူနေအိမ်တစ်လုံးပါ မီးလောင်ကျွမ်းသွားပြီး ကလေးငယ် ၂ ဦးလည်း အနည်းငယ် ဒဏ်ရာရရှိသွားခဲ့ပါတယ်လို့ သတင်း ရရှိပါတယ်။ အဲဒီနောက် မီးသတ်ဌာနက လာရောက် မီးသတ်မှုကြောင့် ညနေ ၇ နာရီ မိနစ် ၃၀ ခန့်မှာ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

13