စင်ကာပူနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် PR ရရှိဖို့အတွက် မိမိရဲ့ Sugar Daddy ဖြစ်သူနဲ့ အတုအယောင် လက်ထပ်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ဗီယက်နမ်အမျိုးသမီးတစ်ဦးကို စင်ကာပူတရားရုံးက ထောင်ဒဏ် ၇ ပတ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသမီးဟာ Koi Thi Truc Linh အမည်ရှိ ဗီယက်နမ်နိုင်ငံသူဖြစ်ပြီး ၎င်းနဲ့ လက်ထပ်ခဲ့သူကတော့ အသက် ၃၂ နှစ်အရွယ် စင်ကာပူနိုင်ငံသား Bobby Thedores Tan ပဲဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်က စင်ကာပူရှိ သူငယ်ချင်းတစ်ဦးရဲ့ နေအိမ်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာတော့ Tan က တစ်ပတ်ကို စင်ကာပူဒေါ်လာ ၂,၀၀၀ ပေးချေရတဲ့ လိင်မှုရေးရာ ပတ်သက်မှုမျိုး စတင်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ Tan ငှားရမ်းထားတဲ့ Beach Road က တိုက်ခန်းတစ်ခုမှာ အတူတူ ပြောင်းရွှေ့နေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ Tan ဘက်က ငွေကြေးအခက်အခဲရှိလာတာကြောင့် Koi ကို ပေးရမယ့်ငွေနဲ့ အိမ်လစာ မတတ်နိုင်တော့လို့ လမ်းခွဲဖို့ ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့ သူတို့ရဲ့ လိမ်လည်မှုဟာ ကြာကြာမခံခဲ့ဘဲ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့ စစ်ဆေးတွေ့ရှိမှုကြောင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ နှစ်ဦးစလုံး ဖမ်းဆီးခံခဲ့ရပါတယ်။ Koi ဟာ နေထိုင်ခွင့်လက်မှတ် လျှောက်ထားစဉ်မှာ အချက်အလက်အမှားတွေ ပေးခဲ့တာကြောင့် အမှုလေးခုနဲ့ တရားစွဲဆိုခံခဲ့ရပြီး အခုလို ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ Tan ဟာလည်း လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ ပတ် ကျခံခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။
Mar 06 • 1:47 AM
Singapore
Local News
Share
| 7 | 0 | 0 | 0 |


