back

မြန်မာ့ လေကြောင်းလိုင်း MAIက ယာယီရပ်နားထားသည့် ဒူဘိုင်းခရီးစဥ်ကို ပြန်လည်ပြေးဆွဲနိုင်ရန် စီစဥ်နေဟု ထုတ်ပြန်

Mar 06 • 1:46 AM

breaking-news

Myanmar

Local

cover

မြန်မာ့ လေကြောင်းလိုင်း MAIက ယာယီရပ်နားထားသည့် ဒူဘိုင်းခရီးစဥ်ကို ပြန်လည်ပြေးဆွဲနိုင်ရန် စီစဥ်နေဟု ထုတ်ပြန်

ယာယီရပ်နားထားသည့် ဒူဘိုင်းခရီးစဥ်ကို ပြန်လည်ပြေးဆွဲနိုင်ရန် စီစဥ်နေဟု အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) က ထုတ်ပြန်သည်။နောက်ဆုံးရရှိသည်အခြေအနေများပေါ်မူ...

ယာယီရပ်နားထားသည့် ဒူဘိုင်းခရီးစဥ်ကို ပြန်လည်ပြေးဆွဲနိုင်ရန် စီစဥ်နေဟု အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI) က ထုတ်ပြန်သည်။နောက်ဆုံးရရှိသည်အခြေအနေများပေါ်မူတည်ကာ သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်နှင့်အညီ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဥ်လျက်ရှိကြောင်း၊ ဒေသတွင်း လေကြောင်းလိုင်းများနှင့်ပတ်သက်ပြီး ပြေးဆွဲရန် စီစဥ်နေသည်ဟု MAI က ထုတ်ပြန်သည်။အရှေ့အလယ်ပိုင်း ဒေသတွင်းရှိ နိုင်ငံအချို့က လေကြောင်းပိုင်နက်များကို တစ်ပြိုင်နက် ပိတ်သိမ်းလိုက်ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) အနေဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ပျံသန်းမည့် ဒူဘိုင်းခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်ကြောင်း MAI ကအရေးပေါ်ကြေညာချက်အဖြစ် သတင်းထုတ်ပြန်ခဲ့သည်။ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အဓိကဦးစားပေးသောကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းရခြင်းဖြစ်ပြီး နောက်ဆုံးရသတင်းများကို MAI ၏ တရားဝင်သတင်းစာမျက်နှာများတွင် စောင့်ကြည့်ရန် လိုအပ်ကြောင်း MAI လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။



news-view-count-icon

103