back

မန္တလေး၌ သိုလှောင်ရန်နှင့် အမြတ်တင်ပြန်ရောင်းစားရန် တန်းစီသူများကြောင့် အမှန်တကယ်လိုအပ်၍ စက်သုံးဆီဝယ်ယူသူများ နစ်နာရ

Mar 06 • 1:42 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ သိုလှောင်ရန်နှင့် အမြတ်တင်ပြန်ရောင်းစားရန် တန်းစီသူများကြောင့် အမှန်တကယ်လိုအပ်၍ စက်သုံးဆီဝယ်ယူသူများ နစ်နာရ

မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် တန်းစီသူဦးရေမှာ ယခင်နေ့ကထက် ပိုမိုလာပြီး အမှန်တကယ်လိုအပ်၍ ဝယ်ယူခြင်းထက် သိုလှောင်ရန်နှင့် ပြင်ပဈေးကွက်သို့ ပြန...

မန္တလေးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် တန်းစီသူဦးရေမှာ ယခင်နေ့ကထက် ပိုမိုလာပြီး အမှန်တကယ်လိုအပ်၍ ဝယ်ယူခြင်းထက် သိုလှောင်ရန်နှင့် ပြင်ပဈေးကွက်သို့ ပြန်ရောင်းစားရန် လာရောက်တန်းစီသူက ပိုများပြားကြောင်း ကိုယ်တွေ့ကြုံယာဉ်ပိုင်ရှင်များထံမှ သိရသည်။ယခုအခါ ပူပြင်းခြောက်သွေ့သည့်နွေရာသီသို့ရောက်ရှိလာပြီဖြစ်ရာ စက်သုံးဆီပြတ်လပ်မည်ကိုစိုးရိမ်စိတ်ဖြင့် ဝယ်ယူသိုလှောင်မှုများကြောင့် မီးဘေးအန္တရာယ်ကို လွန်စွာပူပန်နေရကြောင်း၊ ဆိုင်များတွင် ပုံးကြီးပုံးငယ်အသွယ်သွယ်ဖြင့် တင်ဆောင် လာရောက်ကာ ထပ်ခါတလဲလဲ ပြန်တန်းစီ၍ ဆီထုတ်နေသူများကို စိစစ်သင့်ကြောင်း မော်တော်ယာဉ်ပိုင်ရှင်တဦးက ပြောပါသည်။“ကိုယ်သုံးဖို့အတွက်မဟုတ်ပဲ ပြန်ရောင်းစားဖို့တန်းစီနေသူတွေကြောင့် တကယ်လိုအပ်လို့လာဝယ်တဲ့သူတွေ နစ်နာပါတယ်။ တချို့ဆိုရင် ဆိုင်နားမှာတင် ဆီတိုင်ကီထဲကနေ ပုံးကြီးထဲကိုထုတ်လိုက်၊ ပြန်တန်းစီလိုက်နဲ့ကို ဖြစ်နေတာပါ။ ပြန်ရောင်းဖို့နဲ့ လှောင်ဖို့အတွက် ဆီထုတ်နေတဲ့သူတွေကို ထိရောက်စွာ အရေးယူနိုင်မှ အချိန်ကြာကြာ တန်းစီစောင့်ရတာမျိုးတွေ မရှိတော့မှာပါ”ဟု ၎င်းကဆိုပါသည်။

news-view-count-icon

14