back

တာချီလိတ်မြို့တွင် ညပိုင်းအနံ့ဆိုးများ ပြင်းထန်စွာ ထွက်ပေါ်နေ

Mar 06 • 1:39 AM

breaking-news

Myanmar

Shan

cover

တာချီလိတ်မြို့တွင် ညပိုင်းအနံ့ဆိုးများ ပြင်းထန်စွာ ထွက်ပေါ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်ညပိုင်း အနံ့ဆိုးများ ပြင်းထန်စွာ ထွက်ပေါ်နေပြီး မယ်ခေါင်ဘက်မှ မြို့ပြင် မယ်ယန်းဘက်အထိ နေရာအချို့တွင် ပျင်းထံတဲ့ အနံ့ဆိ...

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်ညပိုင်း အနံ့ဆိုးများ ပြင်းထန်စွာ ထွက်ပေါ်နေပြီး မယ်ခေါင်ဘက်မှ မြို့ပြင် မယ်ယန်းဘက်အထိ နေရာအချို့တွင် ပျင်းထံတဲ့ အနံ့ဆိုး အနံ့များရ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။အထူးသဖြင့် ဝမ်ကျောက်လုံဘက်တွင် အနံ့ပိုမိုပြင်းထန်ကြောင်း ဒေသခံများက ပြောကြားပြီး အနံ့မှာ တခါတလေ အလွန်ဆိုးရွားလာသလို တခါတလေတွင်တော့ အနည်းငယ်သာ ရရှိကြောင်း သိရသည်။“အနံ့ဆိုးတဲ့အချိန်ဆို အိမ်ထဲမှာနေတောင် ခံရတယ်။ တခါတလေဆို အနံ့တက်လာတာနဲ့ အိမ်တံခါးတွေကို အမြန်ပြေးပိတ်ကြရတယ်။ ကလေးတွေရှိတော့ ပိုပြီး စိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ထို့ပြင် အပြင်သို့ သွားလာသည့်အချိန်တွင်လည်း ကားတံခါးဖွင့်လိုက်သည်နှင့် အနံ့ပြင်းထန်စွာ ရရှိကြောင်း ဒေသခံအချို့က ဆိုသည်။လွန်းကျိုင်းရှိ ရှမ်းရှေ့တန်ဆောင်မူကြိုကျောင်းတွင် ကလေးများကို သွားပို့သည့်အချိန်များတွင်လည်း တချို့ရက်များ၌ အနံ့ဆိုးပြင်းထန်စွာ ရရှိကြောင်း မိဘများက ပြောကြားထားသည်။

news-view-count-icon

13