ရန်ကုန်ရှိ အသားထုတ်လုပ်ရုံများနှင့် မြို့နယ်များမှာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် အသားထုတ်လုပ်ခွင့် လိုင်စင်များကို လာမည့် မတ် ၁၀ ရက်နေ့ နောက်ဆုံးထားကာ လျှောက်ရထားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်တီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနမှ သိရပါတယ်။အဆိုပါ လျှောက်ထားရမည့်လိုင်စင်များမှာ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန၏ သတ်မှတ်ထားသော အသားထုတ်လုပ်ရုံများနှင့် မြို့နယ်များတွင် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့် ရွာသာကြီး အသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ဝက်)၊ လှိုင်သာယာ မွေးမြူရေးဇုန် အသားထုတ်လုပ်ခွင့် လိုင်စင်(ကျွဲ၊ နွား၊ သိုး၊ဆိတ်၊ဝက်)၊ ရွှေပြည်သာမြို့နယ်တွင်း အသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊ နွား၊ သိုး၊ ဆိတ်)၊ဒလမြို့နယ်တွင်း အသားထုတ်လုပ်ခွင့်လိုင်စင် (ကျွဲ၊ နွား၊ ဝက်)နှင့် ဆိတ်ကြီးခနောင်တို မြို့နယ်တွင်း အသားထုတ်လုပ်ခွင့် လိုင်စင်(ကျွဲ၊နွား)တို့ဖြစ်ကြောင်း သိရပါတယ်။ ထိုလိုင်စင်လျှောက်လွှာများကို ယခု မတ်လ ၃ ရက်နေ့မှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ဝက်ဘ်ဆိုက်၌ လိုင်စင်(C) ၏ ကိုယ်ရေးအချက်အလက်များနှင့် လုပ်ငန်းဆိုင်ရာ အထောက်အထားများ ဖြည့်သွင်းပြီး မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားကာ အသားထုတ်လုပ်ခွင့် လိုင်စင်များကိုလျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။



