back

သီတဂူဆရာတော်ကြီး မဟာမုနိဘုရားကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းအောင်ပွဲအဖြစ် တရားဟောကြားတော်မူမည်

Mar 05 • 6:10 AM

breaking-news

Myanmar

Mandalay

breaking-news
cover

သီတဂူဆရာတော်ကြီး မဟာမုနိဘုရားကြီး ရွှေထီးတော်တင်လှူပူဇော်ခြင်းအောင်ပွဲအဖြစ် တရားဟောကြားတော်မူမည်

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မဟာမုနိဘုရားကြီး၏ ဂန္ဓကုဋိတိုက်ရွှေကျောင်းတော်ကြီးအားဘက်စုံပြုပြင်မွမ်းမံပြီး၍ မတ် ၄ ရက်က ရတနာစိန်ဖူးတော်၊ ငှ...

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မဟာမုနိဘုရားကြီး၏ ဂန္ဓကုဋိတိုက်ရွှေကျောင်းတော်ကြီးအားဘက်စုံပြုပြင်မွမ်းမံပြီး၍ မတ် ၄ ရက်က ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့ကိုတင်လှူပူဇော်ပြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ခဲ့ကြသည်။

ထိုသို့ တင်လှူပူဇော်ပြီးဖြစ်၍ အောင်ပွဲအထိမ်းအမှတ်အဖြစ် ယနေ့ မတ် ၅ ရက်ည ၇ နာရီတွင် အထူးဓမ္မသဘင်အဖြစ်ဆင်ယင်ကျင်းပပြီး သီတဂူဆရာတော်ကြီးမှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို မဟာမုနိဘုရားကြီး၏ နာရီစင်အနီး နိဗ္ဗာန်လမ်းတွင် ဟောကြားတော်မူသွားမည်ဖြစ်သည်။

news-view-count-icon

23