back

တစ်ကိုယ်ကောင်းဆန်သည့် ယောက်ျားတွေ ရန်ကုန်မှာပိုများလာနေဟု ကြုံတွေ့ရသူများဆိုလာ

Mar 05 • 4:44 AM

breaking-news

Myanmar

Local

breaking-news
cover

တစ်ကိုယ်ကောင်းဆန်သည့် ယောက်ျားတွေ ရန်ကုန်မှာပိုများလာနေဟု ကြုံတွေ့ရသူများဆိုလာ

ပြီးခဲ့သည့် နှစ်များထက် ယခုနှစ်ပိုင်းတွင် အများပြည်သူ နှင့်ဆိုင်သောနေရာများ၌ အမျိုးသမီးများနှင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများကို ဦးစားပေးသည့် အမျိုးသားနည်းလ...

ပြီးခဲ့သည့် နှစ်များထက် ယခုနှစ်ပိုင်းတွင် အများပြည်သူ နှင့်ဆိုင်သောနေရာများ၌ အမျိုးသမီးများနှင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများကို ဦးစားပေးသည့် အမျိုးသားနည်းလာကာ အမျိုသားများ ယခင်ကထက် ပို၍ တစ်ကိုယ်ကောင်းဆန်လာကြောင်း အမျိုးသမီးအခွင့်အရေးဆိုင်ရာ စစ်တမ်းတစ်ခုအတွက် လုပ်ဆောင် နေသူအချို့ထံမှ သိရသည်။ လိုင်းကားတွေ၊ စားသောက်ဆိုင်တွေမှာ အထင်ရှားဆုံးတွေ့ရမှာပါ။ အရင်လိုမဟုတ်တော့ဘူး။ အမျိုး သမီးငယ်တွေမပြောနဲ့ အဖွားအိုတွေတောင် နေရာမပေးတော့ဘူး။ ဆိုင်တွေဆိုရင်လည်း စားပွဲထိုးအမျိုးသမီး တွေကို ဆက်ဆံပုံကအစ ပြောင်းလဲလာနေပြီ။ ပြီးတော့ လုပ်ငန်းခွင်တွေမှာဆိုလည်း အမျိုးသမီးတွေကိုညှာတာမှု နည်းလာတယ်။ ဒါက အထွေထွေကျပ်တည်းမှုကြောင့် ဖိအားဖြစ်လာတာလို့ ပြောလို့ရပေမယ့် အမျိုးသမီးတွေ ဘက်က ကြည့်ရင် တော်တော်လေးဆိုးဆိုးရွားရွားဖြတ်သန်းနေရတဲ့ အနေအထားပဲ”ဟု စစ်တမ်းအတွက် လေ့လာနေသူက ဆိုသည်။ ဒီဘက်နှစ်ပိုင်းတွင် ထိုသို့ အမျိုးသမီးများကို ညှာတာသည်အစဉ်အလာဦးစားပေးမှုလျော့ကျလာသလို လိင်အမြတ်ထုတ်မှုနှင့် အနိုင်ကျင့်မှုများကို အများပြည်သူဆိုင်ရာ နေရာများတွင် တွေ့လာရကာ ယခင်လို ကာကွယ်စောင့်ရှောက်မှုလည်း မရှိသလောက် လျော့ကျသွားကြောင်း သိရသည်။ သူငယ်ချင်းကတော့ ပြောပါတာ။ အခုရန်ကုန်မှာ ကျန်တာ အခြောက်တွေနဲ့ တစ်ကိုယ်ကောင်းသမား တွေချည်းပဲ ကျန်တော့တာ။ ယောက်ျားစစ်စစ်မရှိတော့ဘူးလို့ ပြောတာ။ သူပြောတာလဲ မှန်တာဘဲ။ အလုပ်ထဲမှာ တာဝန်ခံက အမျိုးသား၊ ကိုယ်ထက်တောင် နွဲ့သေး။ အမျိုးသမီးဝန်ထမ်းတွေဆို ဆီလိုအပေါက်ရှာပြီး အပြစ်ရှာ တာ။ ကားစီးရင်ကြည့်ဦးမလား။ နေရာလေးလွတ်ရင် ယောက်ျားလေးတွေပဲ ပြေးဦးတာ။ အဖွားကြီးလာလဲ မထ ပေးဘူး။ ဘယ်နေရာကြည့်ကြည့် သူတို့က ပိုပြီးအခွင့်အရေးယူနေတာ။ မရှက်လဲမရှက်ကြဘူး၊ မိန်းကလေးတွေနဲ့ ရန်ဖြစ်ဖို့လည်း အခုယောက်ျားလေးတွေ ဝန်မလေးဘူး။ အရင်ကဆို အဲလိုမျိုး သိပ်မတွေ့ရဘူး။ ယောက်ျားလေး ဆိုတာ တည်တည်ကြည်ကြည်ရှိတာ။ အခုက အဲလိုဟာမျိုးဆိုတာ ရှိကိုမရှိတော့တာ” ဟု ကုမ္ပဏီတစ်ခုတွင် လုပ်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။လက်ရှိတွင် အမျိုးသမီးအခွင့်အရေးတန်းတူရရှိမှုမှာ အလုပ်အကိုင်လုပ်ကိုင်ရာတွင် ယောက်ျားလေး များနှင့် တန်းတူ အပင်ပန်းခံလုပ်ကိုင်ရခြင်းသာရှိပြီး အခွင်အရေးတွင် အမျိုးသားများထက် နည်းပါးစွာရရှိကာ ယခင်၅ နှစ်ကျော်ကာလနှင့် ယှဉ်ကြည့်ပါက အမျိုးသမီးအခွင့်အရေးရရှိမှုမှာ ကျဆင်းလာနေကြောင်းသိရသည်။


news-view-count-icon

35