မိုက်ကယ်ကာရစ်လက်ထက်မှာ မန်ယူကနလန်မထူဘဲ အလံဖြူပြခဲ့ရပြန်ပြီ။နယူးကာဆယ်အသင်းကို ကစားသမားတစ်ယောက်အသာနဲ့ ကစားခွင့်ရပေမယ့် ရှက်စရာကောင်းအောင်ရှုံးနိမ့်ခဲ့ရပါတယ်။မန်ယူအသင်းဂိုးရနိုင်မယ့်အခွင့်အရေးတွေကို နယူးကာဆယ်ဂိုးသမား ရမ်စ်ဒေးလ်လက်စွမ်းပြကာကွယ်ခဲ့လို့လည်း ကံဆိုးခဲ့ရပါတယ်။ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲတုန်းကလည်း ကွင်းလယ်ဒိုင်ကပယ်နယ်တီပေး၊ကစားသမားတစ်ယောက်ထုတ်ပေးလို့သာ မန်ယူဟာ အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာတော့ မန်ယူက ကစားသမားတစ်ယောက်အသာရပေမယ့် နယူးကာဆယ်အသင်းကိုတစ်ဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
Mar 05 • 2:51 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


