back

မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအစား မွန်အမျိုးသားကောလိပ်ဝင်တန်းစာမေးပွဲသာ ရွေးချယ်ဖြေဆိုနေ

Mar 05 • 2:53 AM

breaking-news

Myanmar

Mon

cover

မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအစား မွန်အမျိုးသားကောလိပ်ဝင်တန်းစာမေးပွဲသာ ရွေးချယ်ဖြေဆိုနေ

ယခုပညာသင်နှစ်တွင် မွန်ပြည်သစ်ပါတီ မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအစား မွန်အမျိုးသားပညာရေးကော်မတီ စာစစ်ဌာနအဖွဲ့၏ အခြေခံပည...

ယခုပညာသင်နှစ်တွင် မွန်ပြည်သစ်ပါတီ မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအစား မွန်အမျိုးသားပညာရေးကော်မတီ စာစစ်ဌာနအဖွဲ့၏ အခြေခံပညာ ဒွါဒဿမတန်းစာမေးပွဲကိုသာ ရွေးချယ်ဖြေဆိုသူများကြောင်း ကျောင်းသားမိဘများမှ သိရသည်။မွန်အမျိုးသားကျောင်းမှ G-12 ကျောင်းသား၊သူများကို အဆင့်မြင့်ပညာရေးသို့ ပညာဆက်လက်သင်ကြားနိုင်ရန် အစိုးရစစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (သို့) မွန်အမျိုးသားပညာရေးကော်မတီ စာစစ်ဌာနအဖွဲ့မှ ပြုလုပ်သည့် ဒွါဒဿမတန်းစာမေးပွဲကို ဖြေဆိုရန် စာသင်နှစ်အစမှ ရွေးချယ်ခွင့်ပေးထားကြောင်း သိရသည်။တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန်အတွက် သင်ခန်းစာပိုမိုကျက်မှတ်ရခြင်းနှင့် သင်ကြားသင်ယူမှုအခက်အခဲများအပြင် မိမိတို့ပညာရေးဌာမှ ပြုလုပ်သည့် စာမေးပွဲမှတစ်ဆင့် မွန်အမျိုးသားကောလိပ်သို့ တက်ရောက်ခွင့်ရှိသည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူနည်းသွားကြောင်းလည်း ညီစားကျောင်းမှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

news-view-count-icon

18