မန်ယူအသင်းဟာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို တစ်ပတ်လစာ ပေါင် ၄၀၀,၀၀၀ အထိ တိုးမြှင့်ပေးပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဥ်နေကြောင်း သိရပါတယ်။ဘရူနိုဖာနန်ဒက်စ်ဟာ လက်ရှိအချိန်မှာ တစ်ပတ် ပေါင် ၃၀၀,၀၀၀ ရရှိနေသူဖြစ်ပြီး ၂၀၂၇ မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ဘရူနိုဖာနန်ဒက်စ်ကလည်း သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမဲ့ ရာသီကုန်ချိန်မှာမှ ဆုံးဖြတ်ဖွယ်ရှိကြောင်း သိရပါတယ်။



