အိန္ဒိယ-ရခိုင် သမိုင်းကြောင်းဆက်နွယ်မှု ဓာတ်ပုံပြပွဲနဲ့ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ ခြောက်ရက်ကြာပြုလုပ်နေတယ်လို့ သိရပါတယ်။အဲဒီပွဲကို ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနဲ့ ရွှေဘုံသာလမ်းထောင့်က အိန္ဒိယယဉ်ကျေးမှုစင်တာမှာ မတ်လ ၂ ရက်ကနေ ၈ ရက်အထိ ပြုလုပ်နေတာပါ။ အခမ်းအနားကို မတ်လ ၂ ရက်နေ့မှာ ရခိုင်မင်္ဂလာစည်တော်တီးခတ်ပြီး စတင်ဖွင့်လှစ်ခဲ့တယ်လို့ တက်ရောက်ခဲ့သူတွေက ပြောပါတယ်။ဒီပွဲမှာ ရခိုင်နဲ့ အိန္ဒိယ သမိုင်းတစ်လျှောက် ကူးလူးဆက်ဆံခဲ့တဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအချက်အလက်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။



