မန်ယူအသင်းရဲ့ ကစားသမားဟောင်း ပေါလ်စခိုးလ်က ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ထိုက်တန်တဲ့အသင်းမရှိကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။ပေါလ်စခိုးလ်က ချန်ပီယံဆုအတွက် အာဆင်နယ်နဲ့ မန်စီးတီးရဲ့ ပြိုင်ဆိုင်မှုမှာတော့ မန်စီးတီးအသင်း ချန်ပီယံဖြစ်လိမ့်မယ်လို့ ထင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ၂၉ ပွဲကစားပြီးချိန် ၆၄ မှတ်ရရှိထားပြီး မန်စီးတီးအသင်းက ၂၈ ပွဲကစားပြီးချိန် ၅၉ မှတ် ရရှိထားပါတယ်။



