back

မန္တလေး၌ ကိုယ်ပိုင်ကျောင်းများမှဖွင့်လှစ်သည့် နွေရာသီသင်တန်းများအပေါ်  စိတ်ဝင်စားမှုလျော့ကျနေ

Mar 05 • 2:30 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ ကိုယ်ပိုင်ကျောင်းများမှဖွင့်လှစ်သည့် နွေရာသီသင်တန်းများအပေါ်  စိတ်ဝင်စားမှုလျော့ကျနေ

မန္တလေးနှင့်အနီးဝန်းကျင်ဒေသများရှိ ကိုယ်ပိုင်ကျောင်းများမှဖွင့်လှစ်သော နွေရာသီသင်တန်း (Summer Class) များကို ယခုနှစ်တွင် စိတ်ဝင်စားမှုများလျော့နည်းကျဆင်းနေကြောင...

မန္တလေးနှင့်အနီးဝန်းကျင်ဒေသများရှိ ကိုယ်ပိုင်ကျောင်းများမှဖွင့်လှစ်သော နွေရာသီသင်တန်း (Summer Class) များကို ယခုနှစ်တွင် စိတ်ဝင်စားမှုများလျော့နည်းကျဆင်းနေကြောင်း ကိုယ်ပိုင်ကျောင်းဖွင့်လှစ်သူများနှင့် ကျောင်းသား/သူ မိဘအုပ်ထိန်းသူများထံမှ သိရသည်။ပြီးခဲ့သည့်နှစ် နွေရာသီကာလအတွင်းက အင်အားပြင်စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ ကျောက်ဆည် စသည့် မြို့များမှ ကိုယ်ပိုင်ကျောင်းအချို့ပြိုကျကာ ကလေးငယ်များအသက်ဆုံးရှုံးမှုများရှိခဲ့ခြင်းအပါအဝင် မျှော်လင့်မထားသော သဘာဝဘေးအန္တရာယ်များအပေါ် စိုးရိမ်မှုများရှိနေသည့်အတွက် နွေရာသီသင်တန်းများကို စိတ်ဝင်စားမှုလျော့ကျလာခြင်း ဖြစ်သည်။"ကျောင်းသားတွေရော၊ မိဘတွေမှာပါ စိတ်ဒဏ်ရာ (Trauma) ကြီးကြီးမားမားရှိနေကြတယ်။ ဒီတော့ Summer class တွေကိုသိပ်ပြီးစိတ်မဝင်စားတော့ဘူး။ အများစုကအိမ်မှာ Online ကနေတက်ရတဲ့ သင်တန်းတွေကိုပဲ စိတ်ဝင်စားလာကြတယ်" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

news-view-count-icon

12