စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် မတ်လ (၄) ရက်နေ့က ဝမ်းနည်းဖွယ် ရေနှစ်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါဖြစ်စဉ်မှာ နာဂနှစ်ခြင်းအသင်းတော်၊ ဟုမ္မလင်း အသင်းဝင်များဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူကလေး (၁၁) ဦးသည် ချင်းတွင်းမြစ် ဆိပ်၌ ရေကူးကစားနေစဉ် မတော်တဆ ရေနစ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်အတွင်း ပထမတန်း ကျောင်းသား (၁) ဦး၊ပဉ္စမတန်း ကျောင်းသူ (၁) ဦး၊ ဆဋ္ဌမတန်း ကျောင်းသူ (၁) ဦး နှင့် ဒသမတန်း ကျောင်းသူ (၁) ဦး စုစုပေါင်း (၄) ဦး ရေနစ် သေဆုံးသွားခဲ့ကြောင်း အတည်ပြုထားသည်။ ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါနေရာသည် ရေစီးအားပြင်းထန်သည့် နေရာတစ်ခုဖြစ်ပြီး မိုးရာသီမဟုတ်သော်လည်း ရေစီးပြင်းထန်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကလေးငယ်များ ရေကူးကစားရာတွင် လုံခြုံရေးအထူးဂရုပြုရန် လိုအပ်ကြောင်း ဒေသခံအချို့က သတိပေးပြောကြားထားသည်။
Mar 05 • 2:29 AM
Myanmar
Sagaing
Share
| 22 | 0 | 0 | 0 |


