back

စစ်ပွဲများ ထာ၀စဉ်တိုက်နေနိုင်လောက်အောင် လုံလောက်သည့် လက်နက်များ ပိုင်ဆိုင်ထားကြောင်း ထရန့် ပြောကြား

Mar 05 • 2:28 AM

breaking-news

Myanmar

International

cover

စစ်ပွဲများ ထာ၀စဉ်တိုက်နေနိုင်လောက်အောင် လုံလောက်သည့် လက်နက်များ ပိုင်ဆိုင်ထားကြောင်း ထရန့် ပြောကြား

စစ်ပွဲများကို ထာ၀စဉ်တိုက်ခိုက်နေနိုင်လောက်အောင် လုံလောက်သည့်လက်နက်များအား အမေရိကန်စစ်ဘက်က ပိုင်ဆိုင်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်က မတ် ၃ ရက်တွင် ထုတ်ဖော်ပြောကြား...

စစ်ပွဲများကို ထာ၀စဉ်တိုက်ခိုက်နေနိုင်လောက်အောင် လုံလောက်သည့်လက်နက်များအား အမေရိကန်စစ်ဘက်က ပိုင်ဆိုင်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်က မတ် ၃ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။လက်ရှိဖြစ်ပွားနေသော အီရန်စစ်ရေးပဋိပက္ခ လေးရက်တာကာလ အတွင်းဝင်ရောက်လာ ချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန်စစ်ဘက်၏ လက်နက်ခဲယမ်းဖြည့်ဆည်းနိုင်စွမ်းမှာ အကန့်အသတ်မရှိဘဲ စစ်ပွဲများကို ထာ၀စဉ်တိုက်၍ ရနိုင်လောက်အောင် လုံလောက်ကြောင်း သမ္မတ ဒေါ်နယ်ထရန့် က လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့သည်ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်နိုင်ငံကို စစ်ရေးအရ စတင်တိုက်ခိုက်ခဲ့သည်။အဆိုပါ တိုက်ခိုက်မှုများကို အီရန်နိုင်ငံကလည်းပင်လယ်ကွေ့အာရပ်နိုင်ငံများကို တိုက်ခိုက် ခြင်းဖြင့် တုံ့ပြန်ခဲ့ရာ အီရန်စစ်ရေးပဋိပက္ခမှာ ၇၂ နာရီအတွင်း အရှေ့အလယ်ပိုင်းတစ်ခွင်လုံး ပျံ့နှံ့ခဲ့ရသည်။လက်ရှိအချိန်တွင် အီရန်စစ်ရေးပဋိပက္ခ မည်မျှကြာမြင့်နိုင်မည်ကို သမ္မတဒေါ်နယ်ထရန့်က အတည်တကျ ပြောကြားထားခြင်းမရှိဘဲ သီတင်းပတ်လေးပတ်မှ ငါးပတ်အထိ ကြာမြင့် နိုင်ကြောင်းသာ ပြောကြားထားသည်။


news-view-count-icon

26