တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၄ ရက်နေ့ ညနေ ၃ နာရီတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ် ၇ ရက်ကြာ အစည်းအဝေးတွင် စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ပတ်ဝန်းကျင် အရင်းအမြစ် အပါအဝင် လုပ်ငန်းနယ်ပယ် ၃၄ ခုမှ ကော်မတီဝင် ၂,၀၇၈ ဦး တို့သည် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အမြဲတမ်းကော်မတီ၏ လုပ်ငန်းအစီရင်ခံစာနှင့် အဆိုပြုချက် တင်သွင်းရေးလုပ်ငန်း ဆိုင်ရာ အစီရင်ခံစာများကို ကြားနာ စိစစ်မည် ဖြစ်ပြီး ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်နားထောင်ကြမည်ဖြစ်၍ အစိုးရလုပ်ငန်း အစီရင်ခံစာနှင့် အခြားသက်ဆိုင်ရာ အစီရင်ခံစားများကို ကြားနာဆွေးနွေးပြီး အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း လုပ်ငန်းစဉ် မူကြမ်းကိုလည်း ဆွေးနွေးကြမည် ဖြစ်ပါသည်။
တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် အစည်းအဝေးကို ပေကျင်း၌ ဖွင့်လှစ်
Mar 05 • 2:27 AM
China
Local News
Share
| 8 | 0 | 0 | 0 |


