တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၏ နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့တွင် မတ် ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေး၏ ပြောရေးဆိုခွင့်ရှိသူက မတ် ၃ ရက်၌ ပြောကြားခဲ့သည်။ ၁၄ ကြိမ်မြောက် CPPCC ပြည်လုံးဆိုင်ရာကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကို မတ် ၄ ရက် မွန်းလွဲ ၃ နာရီတွင် စတင်ကာ မတ် ၁၁ ရက် နံနက်ပိုင်း၌ ကျင်းပပြီးစီးမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ လျိုကျယ်ရီးက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးအတွင်း အမျိုးသားနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များက CPPCC ပြည်လုံးဆိုင်ရာကော်မတီ၏ အမြဲတမ်းကော်မတီ လုပ်ငန်းအစီရင်ခံစာ၊ နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ၏ အဆိုပြုချက်များ ကိုင်တွယ်ဆောင်ရွက်ခြင်းဆိုင်ရာအစီရင်ခံစာ စသည်တို့ကို ကြားနာခြင်းနှင့် သုံးသပ်ဆွေးနွေးခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။ 
တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးကို မတ် ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်
Mar 05 • 2:26 AM
China
Local News
Share
| 5 | 0 | 0 | 0 |


