ရှမ်းမြောက် မူဆယ် လားရှိုးနဲ့ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဆန်နဲ့နမ္မတူမြို့နယ်မှာရှိတဲ့ ပန့်ဆီဆိုင်အားလုံးနီးပါး ပိတ်လိုက်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။လားရှိူးမြို့နယ်မှာ မတ်လ ၄ ရက် မနက်အထိ လမ်းဘေးဆိုင်မှာ ဓာတ်ဆီ တစ်လီတာကို ၈ ထောင်ကျပ်နဲ့ ဝယ်ယူလို့ ရနေပေမဲ့ နေ့လယ် ၃ နာရီဝန်းကျင်ကစပြီး မြို့ထဲက ပန့်ဆီဆိုင်နဲ့ လမ်းဘေးဆိုင်အားလုံး ပိတ်လိုက်ပြီလို့ လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။"အခုမှ ဆွဲပိတ်လိုက်တာ တံခါးတွေက။ သူတို့ကို လူကြီးတွေ လာပိတ်ခိုင်းလိုက်တာ။ အကုန်ဆွဲပိတ်လိုက်ပြီ တံခါးတွေ။ မနေ့ကတော့ လမ်းဘေးဆိုင်မှာ တစ်လီတာ ၈ ထောင်တောင် ရောက်တယ်"။အလားတူ မူဆယ်မြို့မှာလည်း ဓာတ်ဆီ တစ်လီတာကို ၅ ထောင်ကျပ်နဲ့ ရောင်းပေးနေပေမဲ့ နေ့လယ်မှာ ပန့်ဆီဆိုင်အားလုံး ပိတ်လိုက်ပြီလို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
Mar 05 • 2:25 AM
Myanmar
Shan
Share
| 20 | 0 | 0 | 0 |


