ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်တောင်သူစုကျေးရွာတွင် ဖေဖော်ဝါရီလ (၂၈) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ခံစားရသော အိမ်ထောင်စု(၃)စုအတွက် မိသားစုသုံး ပစ္စည်းများနှင့် အိမ်ဆောက်အထောက်အကူပြုပစ္စည်းများကို ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မတ်လ (၁)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါတယ်။



