back

မန္တလေး၌ Ebike အရောင်းစင်တာများ ပစ္စည်းပြတ်သည်အထိ လက်မလည်အောင် ရောင်းချနေရ

Mar 05 • 2:03 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ Ebike အရောင်းစင်တာများ ပစ္စည်းပြတ်သည်အထိ လက်မလည်အောင် ရောင်းချနေရ

ပြည်တွင်း၌ စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲဖို့နဲ့ မော်တော်ယာဥ် မောင်းနှင်ခွင့် ကန့်သတ်ပြီး EV အမျိုးစား ယာဥ်တွေကိုသာ နေ့စဥ်မောင်းချခွင့်ပြုပြီးတဲ့နော EV ဆိုင်က...

ပြည်တွင်း၌ စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲဖို့နဲ့ မော်တော်ယာဥ် မောင်းနှင်ခွင့် ကန့်သတ်ပြီး EV အမျိုးစား ယာဥ်တွေကိုသာ နေ့စဥ်မောင်းချခွင့်ပြုပြီးတဲ့နော EV ဆိုင်ကယ် လောက ဟာဆိုရင် အခု မတ်လမှာ ပြန်လည် ခေါင်းထောင်နေပြီ ဖြစ်ပါတယ်။မန္တလေးမြို့ဟာ ဆိုရင် ဆိုင်ကယ်ကို အဓိကထားသုံးစွဲကြတဲ့ မြို့တမြို့ ဖြစ်တာကြောင့် စက်သုံးဆီ အသုံးပြုပြီး မောင်နှင်ရတဲ့ ဆိုင်ကယ်တွေ ကားတွေ ဟာဆိုရင် ဆက်သုံးဆီ ပြတ်လပ်တော့မယ် ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်လာပြီးတဲ့နောက် မတ်လ ၃ ရက်နေ့က စပြီး စက်သုံးဆီ ရောင်းချပေးနေတဲ့ ဆိုင်တွေမှာ အချိန်အတော်ကြာတန်းစီနေရပြီး လမ်းပိတ်တဲ့အထိဖြစ်နေပါတယ်။လက်ရှိမှာတော့ Ebike တစီးကို အနည်းဆုံး ၁၆ သိန်းက စပြီး အများဆုံး သိန်း ၈၀ ဝန်းကျင်မှာရှိနေပြီး တချို့ ဆိုင်တွေမှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းချနေရပါတယ်။

news-view-count-icon

40