ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် (၂၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မတ်လ (၁) ရက်နေ့ ညနေပိုင်းက အဆိုပါစေတီတော်ရင်ပြင် ဗုဒ္ဓဟူးထောင့် ဗဟိုမဏ္ဍပ်ရှေ့၌ ကျင်းပသည်။ယမန်နေ့ရွှေတိဂုံစေတီတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဩဝါဒါစရိယဆရာတာ်ကြီးများ၊ စေတိယင်္ဂဏသြဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော် (၁၂၁)ပါး၊ သာသနာ့နွယ်ဝင် သီလရှင် (၂၇)ပါး စုစုပေါင်း (၁၄၈)ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။



