စင်ကာပူနိုင်ငံမှာ အလုပ်သမားတွေကို သံဆန်ခါခတ်ထားတဲ့ လော်ရီကားနောက်ခန်းတွေနဲ့ တင်ဆောင်ပြေးဆွဲတာမျိုးကို လာမယ့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး လုံးဝခွင့်မပြုတော့ဘဲ အပြီးတိုင်ပိတ်ပင်တော့မှာဖြစ်တယ်လို့ သိရပါတယ်၊၊ဒီကိစ္စနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာန (MOT) ရဲ့ ဝန်ကြီး Sun Xueling က လွှတ်တော်တွင်း ဆွေးနွေးမှုမှာ အခုလို သံဆန်ခါခတ်ထားတဲ့ လော်ရီကားနောက်ခန်းတွေဟာ နောက်ခန်းမှာ လိုက်ပါလာရတဲ့ အလုပ်သမားတွေအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ အန္တရာယ်တွေ အများကြီးရှိနေတာကြောင့်လို့ ပြောကြားခဲ့ပါတယ်၊အထူးသဖြင့် မတော်တဆမှုတစ်ခုခုဖြစ်လို့ပဲဖြစ်ဖြစ်၊ ကားမီးလောင်တာမျိုးပဲဖြစ်ဖြစ် ကြုံတွေ့ရတဲ့အခါ သံဆန်ခါတံခါးကို အပြင်ကနေ သော့ခတ်ထားတာကြောင့် အတွင်းထဲမှာပါလာတဲ့ အလုပ်သမားတွေဟာ အချိန်မီ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ သာဓကတွေကိုလည်း သူမက ထောက်ပြသွားပါတယ်၊၊
စင်ကာပူတွင် အလုပ်သမားများကို သံဆန်ခါခတ်ထားသည့် လော်ရီကားနောက်ခန်းဖြင့် တင်ဆောင်မှု ဥပဒေ အပြီးတိုင်ပိတ်ပင်တော့မည်
Mar 05 • 1:25 AM
Singapore
Local News
Share
| 7 | 0 | 0 | 0 |


