back

မတ် ၆ ရက်မှစ၍ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် နေ့ရော ညပါ အပူချိန်မြင့်တက်နိုင်

Mar 04 • 5:07 PM

breaking-news

Myanmar

Local

cover

မတ် ၆ ရက်မှစ၍ တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် နေ့ရော ညပါ အပူချိန်မြင့်တက်နိုင်

မတ်လ ၆ ရက်နောက်ပိုင်းတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်...

မတ်လ ၆ ရက်နောက်ပိုင်းတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် တနင်္သာရီတိုင်း စသည့် ဒေသများတွင် နေ့ဘက်သာမက ညဘက်အပူချိန်ပါ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ စိုင်းခွန်အာကာက ခန့်မှန်းထားသည်။အထူးသဖြင့် ရန်ကုန်တိုင်းအတွင်းရှိ ဒေသများတွင် မတ်လ ၈ ရက်မှ ၁၁ ရက်အတွင်း နေ့ညလုံး အပူချိန်မြင့်တက်ကာ ခံစားရသည့် အပူအအေးညွှန်းကိန်း (Apparent Temperature) လည်း ပိုမိုမြင့်လာနိုင်ကြောင်း ၎င်းက မတ်လ ၃ ရက်နေ့ မနက်ပိုင်းတွင် ပြောကြားခဲ့သည်။သို့သော် မတ်လ ပထမပတ်အတွင်း မြန်မာနိုင်ငံတွင်း အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီးရပ်ကို မကျော်နိုင်သေးဟုလည်း ၎င်းက ထည့်သွင်းပြောကြားထားသည်။ထို့ကြောင့် မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းများကို လျှော့ချရန်နှင့် အပြင်အလုပ်လုပ်ကိုင်ရမည့် ပြည်သူများအနေဖြင့်လည်း ရေသောက်လုံလောက်စွာသောက်သုံးခြင်း၊ အပူဒဏ်ကာကွယ်မှုများ ပြုလုပ်ခြင်းတို့ကို လိုက်နာဆောင်ရွက်ရန် တိုက်တွန်းထားသည်။



news-view-count-icon

23