ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းသို့တက်မယ့်ကုန်တင်ကားတွေကို အရင်နှစ်နိုဝင်ဘာလကနေ အခုထိပိတ်ထားလို့ ဒေသခံများကုန်စည်ရှားပါးမှုနဲ့ကြုံတွေ့ပြီးအခက်ကြုံနေရတယ်လို့ ၎င်းတို့ထံသတင်းရရှိပါတယ်။ တချို့ကားသမားတွေရဲ့ပြောပြချက်အရ ကုန်ကားတစ်စီးကို သိန်း ၆၀ တောင်းပြီး သွားခွင့်ပြုတာရှိပေမယ့် ယင်းစျေးနှုန်းဟာ ကုန်တင်ကားအားလုံးအတွက်မတတ်နိုင်ဘူးလို့ လည်းသိရတယ်။



