Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20)ပွဲစဉ် တစ်ပွဲ အဖြစ် မတ် ၄ ရက်(ယနေ့) ညနေ (၄:၀၀)က သုဝဏ္ဏတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ရန်ကုန်ယူနိုက်တက်အသင်း နောက်တန်းကစားသမား ဟိန်းဇေယျာလင်းက ရခဲ့သည်။ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဟိန်းဇေယျာလင်းသည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို အာရှလက်ရွေးစင်၊ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ဦးတင်အောင်(ဂိုး)က ချီးမြှင့် ပေးခဲ့သည်။



