ထားဝယ်မြို့တွင် ၂၀ လီတာ သောက်ရေသန့် လဲလှယ်ခမှာ ယခုသီတင်းပတ်အတွင်း ကျပ် ၂၀၀ ခန့်ထပ်တက်သွားပြီး တစ်ဘူး ၁၇၀၀ အထိပေးနေရကြောင်း သောက်ရေသန့်လုပ်ငန်း လုပ်ကိုင်သူများနှင့် မြို့ခံများထံမှ စုံစမ်းသိရှိရသည်။ယခင်က ထားဝယ်ဈေးကွက်တွင် ၂၀ လီတာ ဝင်ဆံ့သည့် သောက်ရေသန့်တစ်ဘူး၏ လဲလှယ်ခမှာ ၁၅၀၀ ကျပ်သာ ရှိရာမှ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ ၁၇၀၀ ကျပ် ဖြစ်သွားခြင်းဖြစ်သည်။ထားဝယ်မြို့တွင် အောက်ဖြိုးပိုင်၊ မြင့်မိုရ်ဦး၊ Princess၊ မြနဒီ၊ ပွင့်သစ်၊ ရွှေမိ စသည့် သောက်ရေသန့် အမှတ်တံဆိပ် ခုနစ်မျိုးထက်မနည်း ရှိသည်။



