ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့အပါအဝင် ဖားကန့်၊ ပူတာအို၊ တနိုင်း စတဲ့မြို့တွေမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ကစလို့ ဆီဆိုင်တွေမှာတန်းစီနေတဲ့လူတန်းရှည်ကြီးတွေတွေ့လာရသလို စက်သုံးဆီဆိုင်တချို့က အကန့်အသတ်ဖြင့်သာဆီကို ရောင်းချ တာ၊ တချို့ဆိုင်တွေဆိုပိတ်ထားရတာတွေရှိလာတယ်လို့ သိရပါတယ်။ဖားကန့်မြို့မှာတော့ ဒီကနေ့မတ်လ ၄ ရက်နေ့အစောပိုင်းက တစ်နယ်လုံးစက်သုံးဆီအလုအယက်ဝယ်ယူမှုတွေရှိခဲ့ပြီး မြန်မာစံတော်ချိန် ၁၀ နာရီနောက်ပိုင်းကစလို့ ဆီဆိုင်အများစုပိတ်ထားတာတွေ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။မြို့တော်မြစ်ကြီးနားမြို့မှာတော့ အလုအယက်ဝယ်ယူမှုတွေအပြင် စက်သုံးဆီကန့်သတ်ရောင်းဝယ်တာတွေရှိနေသလို ပုံမှန် စက်သုံးဆီဈေး တစ်လီတာ ကျပ် ၆၈၀၀ ဝန်းကျင်ကနေ ကျပ် ၇၁၀၀– ကျပ် ၁သောင်း အထိမြင့်တက်နေပြီး ဆိုင်တချို့ ပိတ်ထားရတဲ့အခြေနေတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။



